Thursday, October 18, 2012

ကရင်ပြည်နယ်၏ အလှ (ဓါတ်ပုံ)

(ကရင်ပြည်နယ်အလှ ဓါတ်ပုံများ) ပြည်တွင်းစစ် မီးတွေ ပြင်းထန်တဲ့ ကရင်ပြည်နယ်ဟာ တကယ်တော့ သဘာဝ အလှအပတွေ အများအပြားကို ပိုင်ဆိုင်ခဲ့တာပါ။ သဘာဝ တောတောင်၊ မြစ်ချောင်းတွေနဲ့ ထုံးကျောက် လှိုဏ်ဂူကြီးတွေထဲက သမိုင်းအမွေအနှစ်တွေ ရှေးဟောင်း သမိုင်းဝင် ပစ္စည်းတွေ အများအပြား ကရင်ပြည်နယ်အတွင်းမှာ ရှိနေသော်လည်း ပြည်တွင်းစစ် မီးလျှံကြောင့် နိုင်ငံခြား ခရီးသွားများနဲ့ ပြည်တွင်း ခရီးသွားတွေအတွက် လာရောက် လည်ပတ် ကြည့်ရှုနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးခဲ့ရပါတယ်။ အဆိုပါ နည်းပါးလွန်းလှတဲ့ အခွင့်အလမ်းတွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ တိုက်ပွဲတွေ ချုပ်ငြိမ်းပြီး ကရင်ပြည်နယ်အ၀ှမ်း ငြိမ်းချမ်းသာယာဖို့ ကြိုးစားဆောင်ရွက်နေကြ စဉ်အတွင်းမှာပင် ခရီးသွားများကို ၀န်ဆောင်မှု ပေးနိုင်မယ့် ထဘာကော် လို့ခေါ်တဲ့ ခရီးသွားလာရေး ကုမ္ပဏီလီတခု ဖားအံမှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရောင်နီသန်းလာမယ့် နေ့ကို မျှော်လင့် စောင့်စားပြီး အနာဂတ် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးရဲ့ အောက်မှာ သာယာတဲ့ ကရင်ပြည်နယ်ရဲ့ အလှကို တ၀ သွားရောက်မခံစားနိုင်ခင် ဓါတ်ပုံထဲကနေ ကြည့်ပြီး ခံစားနိုင်ဖို့ စုဆောင်း တင်ပြလိုက်ရပါတယ်။ (မှတ်ချက်- ဓါတ်ပုံများကို Facebookထဲကနေ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်) 

 စေတနာဖြင့် 
အဲခေါင်သောင့်(အောက်တိုဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်) 







































Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment